အကျွန်ုပ်နှုတ်ခမ်းများ မည်သူပိုင်သနည်း
ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်း
တို့၏ ရည်ရွယ်ချက်များက ဆန့်ကျင်ဘက် ဖြစ်သည်။ ချီးမွမ်းခြင်းက အခြားသူတစ်ဦး၏
အရည်အချင်း၊ အပြုအမူတစ်ခုခုကို လိုလား နှစ်သက်ခြင်းဖြစ်သည်။ မြှောက်ပင့်ခြင်းက အခြားသူ၏ သဘောကျနှစ်သက်မှုကို ရယူပြီး၊ မိမိတိုးတက်အောင် (မိမိအကျိုးအတွက်) အခွင့်အရေးယူသည်။ ချီးမွမ်းခြင်းက အားပေး ရန် အခွင့်ကို ရှာဖွေစဉ် မြှောက်ပင့်ခြင်းက လွှမ်းမိုးရန် အခွင့်ရှာသည်။
ဆာလံ ၁၂ တွင် ဒါဝိဒ်က သူ့ ၀န်းကျင်၌ ဘုရားတရားရှိပြီး သစ္စာရှိသူများ ပျောက်ကာ “ချောမော့သောနှုတ်ခမ်း၊ ဝါကြွား သောလျှာဖြင့်” (း၂) လှည့်ဖျားသောစကား ပြောသူများက အစားထိုး နေရာယူလာကြ ကြောင်း၊ “သူတို့က ကိုယ်နှုတ်ခမ်းသည် ကိုယ့် အမှုကို စောင့်လိမ့်မည်။ ငါတို့၏ သခင်ကား အဘယ်သူနည်း” (း၎) ဟုဆိုကြကြောင်း မြည်တမ်းခဲ့သည်။
မိမိလိုဘပြည့်ရေး မရိုးသားသော မြှောက်ပင့်စကားများပြောရန် သွေးဆောင်ခံရလျှင်…
ကျိုးပဲ့သောအရိုးများ
လွန်ခဲ့သောနှစ်များစွာက ကောလိပ် ဘောလုံးအသင်း၌ ဂိုးသမားအဖြစ်ကျွန်တော် ကစားခဲ့သည်။ ယခု ပြောပြခြင်းထက်ပင် ပို၍ပျော်ခဲ့သည်။ သို့သော် ထိုပျော်ရွှင်မှုအတွက် ယနေ့ထိတိုင် ပေးဆပ်နေရ၏။ ဂိုးသမား ဟူသည် အမြဲတမ်းလိုလို ခန္ဓ္ဓာကိုယ်ကို ထိခိုက်ရမည့် အန္တရာယ်နှင့် မိမိကိုယ်ကိုရင်းပြီး တစ်ဖက်အသင်းမှ သွင်းလာမည့် ဂိုးကို ကာကွယ်ရသည်။ အခန့်မသင့်လျှင်ထိခိုက် ဒဏ်ရာရသည်။ သို့နှင့် ဘောလုံးရာသီတစ်ခု တွင် ကျွန်တော့်ခြေနှင့်နံရိုးကျိုးကာ ပုခုံးအဆစ် ပြုတ်သွားသည်။ ခေါင်း၌လည်း ပြင်းထန်စွာ ထိခိုက်ခဲ့သည်။ ယခုဆိုလျှင် အထူးသဖြင့် အေးသောနေ့များတွင် ထိခိုက်ခဲ့သော ဒဏ်ရာ များ၏ ဒဏ်ကပြန်ပေါ်လာပြီး၊ နာကျင်ကိုက်ခဲမှုကို ခံစားရသည်။
ဒါဝိဒ်သည်လည်း အရိုးကျိုးသည့်ဒဏ်၏နာကျင်မှုကို ခံစားရဖူးသည်။ သို့သော် သူ၏ဒဏ်ရာက ရုပ်ပိုင်းမဟုတ်ဘဲ၊ ဝိညာဉ်ရေးပိုင်းဖြစ်သည်။ ဒါဝိဒ်မင်းသည် ကိုယ်ကျင့်တရားယိုးယွင်းပြီး ဗာသရှေဘကိုပြစ်မှားကာ သူ့ခင်ပွန်းကို သတ်လိုက် သဖြင့် ဘုရားသခင်ကသူ့ကို ပြင်းပြင်းထန်ထန် ဆုံးမခဲ့သည်။ “စိတ်သက်သာ…
သခင်ယေရှု၏ မျက်လုံးများ
ရေခဲမုန့်ဝယ်စားရန် တန်းစီနေစဉ် သူ့ကို သတိပြုမိသည်။ နှာယောင် ကောက်ကောက်နှင့် မျက်နှာပေါ်ရှိအမာရွတ် များက ရန်ပွဲများစွာနှင့် ကြုံခဲ့ရကြောင်း အမှတ်အသားများပင်။ သူ့အဝတ်အစားများမှာ သန့်ရှင်းသော်လည်း မသပ်မရပ် ဝတ်စားထား သည်။ ကျွန်တော်က ထိုသူနှင့် ကျွန်တော့် ကလေးများအကြား ရပ်လိုက်ပြီး၊သားသမီးများ အတွက် ကျွန်တော့်ကျောပြင်သည် တံတိုင်းပါ။
သူက စကားစလိုက်ရာ ကျွန်တော် သဲသဲကွဲကွဲ မကြားလိုက်သော်လည်း သူ့ကို အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ် ပြရင်း ကျွန်တော် သူနှင့်မရဲတရဲ မျက်လုံးချင်း ဆုံလိုက်သည်။ ကျွန်တော့်ဇနီးအတူ ပါမလာ၍ သူက ကျွန်တော့်အား ကလေးများကို တစ်ဦးတည်း တာဝန်ယူရသူအမှတ်ဖြင့် “သူတို့ လေးတွေကို တစ်ယောက်တည်းကျွေးမွေးပြုစုရတာ ခက်ခဲတယ်မဟုတ်လား”ဟု ညင်ညင်သာသာ စကားဆိုလာသည်။ ထိုအခါမှ သူ့ကလေးများကို သတိပြုမိ သည်။ သူ့ဇနီးသည်မှာ သူတို့ကိုချန်ရစ်ထွက်သွားသည်မှာ ကြာလှပြီဖြစ်ကြောင်း ပြောပြသည်။ ကြမ်းတမ်းလှသည့် သူ့အပြင်ပန်းရုပ်ရည်နှင့်…
ဘလက် ဘောက်စ်များ
လေယာဉ်များတွင် လေယာဉ်ပျံသန်းမှု အခြေအနေကို မှတ်တမ်းတင်သော 'ဘလက် ဘောက်စ်' ကိရိယာ နှစ်ခု ပါရှိသည်။ တစ်ခုမှာ လေယာဉ်ပျံနေစဉ် ပျံသန်းမှုနှင့် လေယာဉ် အခြေအနေကို မှတ်တမ်းတင်သည်။ ကျန် တစ်ခုမှာ လေယာဉ်အမှုထမ်းများနှင့်မြေပြင် ထိန်းချုပ်မျှော်စင်ရှိ ဝန်ထမ်းတို့အပြန်အလှန် သတင်းပို့ချက်များကို မှတ်ထားပေးသည်။ထို ကိရိယာများကို ပြင်းထန်သော အပူဒဏ်ခံနိုင် အောင် ပြုလုပ်ထားပြီး ရေမျက်နှာပြင်ပေါ်သို့ အသံထုတ်လွှင့်နိုင်သော ရေအောက်သုံး ရေဒီယို မီးအချက်ပြစနစ် တပ်ဆင်ထားသည်။ လေယာဉ်ပျက်ကျပါက ၎င်းတို့ကို ပြန်ရှာဖွေပြီး လေယာဉ်ပျက်ရသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန် သတင်းအချက်အလက်များကို သေချာစွာ သုံးသပ်ကြရသည်။ လေယာဉ် လုံခြုံရေးကျွမ်းကျင်သူများက နောက်ထပ် တူညီသောအမှား မလုပ်မိရန် ယခင်က အမှားများမှ သင်ခန်းစာရယူရန်ဖြစ်သည်။
ခရစ်ယာန်များအနေနှင့်လည်း အတိတ်မှအမှားများကို ပြန်သုံးသပ်ပြီး သင်ခန်းစာယူသင့်ပါသည်။ ဥပမာ - အဲဂုတ္တုပြည်မှ ခါနန်ပြည်သို့သွားသော ခရီး စဉ်တွင်…
သက်ဝင်ရှင်သန်သော သက်သေ
၁၉၅၂ ခုနှစ်တွင် “ဝပ်ခ်ျမန်း နီး” သည် ခရစ်တော်ကို ယုံကြည်သက်ဝင်ခြင်းကြောင့် အဖမ်းခံခဲ့ရပြီး ကျန်ဘဝတစ်ခုလုံးထောင်ထဲ တွင် ကုန်ဆုံးခဲ့ရသည်။ ၁၉၇၂ ခု၊ မေလ ၃၀ ရက်တွင် ထောင်အခန်းကျဉ်းလေးထဲ၌ သူသေဆုံးသွားသည်။ သူပိုင်သော ပစ္စည်း အနည်းအကျဉ်းကို သူ့တူမလာသိမ်းရာ၊ အစောင့်က အိပ်ရာဘေးမှတွေ့သည့် စာရွက်ပိုင်း ကိုပေးသည်။ ၎င်းတွင် သူ့သက်သေခံချက်ကို ရေးထားသည်။
“အပြစ်သားများကို ရွေးနှုတ်ကယ်တင်ရန် ဘုရားသားတော် ယေရှုခရစ်တော်အသေခံခဲ့ပြီး သုံးရက်မြောက်နေ့တွင် ထမြောက်ခဲ့၏။၎င်းသည် စကြဝဠာ၌ အကြီးမြတ်ဆုံးသော သမ္မာတရား ဖြစ်၏။ ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် ကျွန်ုပ် သေဆုံးရ၏။ ―ဝပ်ခ်ျမန်း နီး”
ခရစ်တော်ကို ယုံကြည်သက်ဝင်ခြင်းကြောင့် တမန်တော် ရှင်ပေါလုလည်း မာတုရအာဇာနည်အဖြစ် အသတ်ခံခဲ့ရသည်ဟု ဆိုကြသည်။ သူ မကွယ်လွန်မီ ရေးခဲ့သောစာ၌ ရှင်ပေါလုက “ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည် ငါဟောသော ဧဝံဂေလိတရားအတိုင်း…
စိတ်ဝိညာဉ်၏ ကြွယ်ဝမှု
ဒေါ်လာသန်းပေါင်း ၆၄၀ ထီ ဆုကြီး ဆွတ်ခူးရန် မျှော်လင့်ချက်ဖြင့် ၂၀၁၂ ခုနှစ် အစောပိုင်း၌ အမေရိကန်သားတို့ ဒေါ်လာ ၁.၅ ဘီလျံဖိုး ထီထိုးခဲ့ကြသည်။ ထီပေါက် နိုင်ကိန်းမှာ သန်း ၁၇၆ ပုံ တစ်ပုံသာရှိပြီး၊ ဖြစ်နိုင်ချေနည်းလွန်းလှလည်း ထီရောင်းသည့် ကုန်စုံဆိုင်၊ ဂက်စ်ဆိုင်၊ ကော်ဖီဆိုင်များတွင် လူများစီတန်းပြီး သူဌေးဖြစ်လာမည့် အခွင့်အရေးကို ဝယ်ယူကြသည်။ ငွေ အမြောက်အများသည် ပြဿနာကို ဖြေရှင်း ပြေလည်စေမည်၊ ဘဝကိုတိုးတက် စေမည် ဟူ၍ ထင်မြင်အောင် ကျွန်ုပ်တို့အတွင်းမှ တစ်စုံတစ်ရာက စေ့ဆော်နေသည်။
ကျမ်းစာ၌ အာဂုရ ဆိုသည့်ပုဂ္ဂိုလ်သည် သူမသေမီ ဘုရားသခင်ထံမှ ဆုနှစ်ဆုကိုတောင်းရာ ကြွယ်ဝမှုနှင့်စပ်လျဉ်း၍ သူ့အမြင်က တစ်မူထူးခြားသည်။
ပထမဦးဆုံး သူက “ကျွန်ုပ်မှအနတ္တနှင့်မုသာကို ပယ်တော်မူပါ” ဟု တောင်းသည် (သု ၃၀း၈)။ ရိုးဖြောင့်သောသမာဓိဂုဏ်ရှိခြင်းသည် ပူပင်သောက…
အမှုအရာခပ်သိမ်း၌ ကျေးဇူးတော် ချီးမွမ်း
ကျွန်မသမီးငယ်လေးသည် မြေပဲနှင့် ဓာတ်မတည့်ပါ။ သူ၏ ဓာတ်မတည့်မှုမှာ ဆိုးဝါး လှ၍ မြေပဲအပိုင်းအစသေးသေးလေးကို စားမိ လျှင်ပင် သူ့အတွက် အသက်အန္တရာယ်ရှိသည်။ အကျိုးဆက်အနေဖြင့် စားသောက်ကုန်အထုပ် ပေါ်ရှိ ဖော်ပြချက်များကို ကျွန်မတို့သေချာ ကြည့်ရှု စစ်ဆေးရသည်။ ဘယ်သွားသွား ဓာတ်မတည့်မှုကို သက်သာစေမည့်ဆေးကို ဆေးထိုးအပ်ထဲကြိုထည့်ပြီး ယူသွားရသည်။ ထို့ပြင် အပြင်ဆိုင်များ၌ ထွက်စားမည်ဆိုလျှင် ဆိုင်ရှိ အစားအသောက်များနှင့် ပတ်သက်၍ စေ့စေ့ပေါက်ပေါက် ကြိုတင်မေးမြန်းရသည်။
ဤသို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားလည်း သူမ၏ လတ်တလော ဘေးကင်းမှုနှင့် နောင်အနာဂတ်ဘေးကင်းမှုအတွက် စိုးရိမ်ပူပန်ရဆဲပါ။ ဤ အခြေအနေ ၌ ကျွန်မ၏စိတ်ရင်းအမှန်နှင့်ဆိုလျှင် ကျေးဇူးတော် မချီးမွမ်းနိုင်။ သို့သော် ဘုရားကမလျော့ပေး။ “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်း မူကား သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ ယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏” (၁သက် ၅း၁၈) ဟူ၍ ဘုရား၏နှုတ်တော်ထွက်စကားက စိန်ခေါ်ထားသည်။…
စိတ်ဝိညာဉ်၏ ကြွယ်ဝမှု
ဒေါ်လာသန်းပေါင်း ၆၄၀ ထီ ဆုကြီး ဆွတ်ခူးရန် မျှော်လင့်ချက်ဖြင့် ၂၀၁၂ ခုနှစ် အစောပိုင်း၌ အမေရိကန်သားတို့ ဒေါ်လာ ၁.၅ ဘီလျံဖိုး ထီထိုးခဲ့ကြသည်။ ထီပေါက် နိုင်ကိန်းမှာ သန်း ၁၇၆ ပုံ တစ်ပုံသာရှိပြီး၊ ဖြစ်နိုင်ချေနည်းလွန်းလှလည်း ထီရောင်းသည့် ကုန်စုံဆိုင်၊ ဂက်စ်ဆိုင်၊ ကော်ဖီဆိုင်များတွင် လူများစီတန်းပြီး သူဌေးဖြစ်လာမည့် အခွင့်အရေးကို ဝယ်ယူကြသည်။ ငွေ အမြောက်အများသည် ပြဿနာကို ဖြေရှင်း ပြေလည်စေမည်၊ ဘဝကိုတိုးတက် စေမည် ဟူ၍ ထင်မြင်အောင် ကျွန်ုပ်တို့အတွင်းမှ တစ်စုံတစ်ရာက စေ့ဆော်နေသည်။
ကျမ်းစာ၌ အာဂုရ ဆိုသည့်ပုဂ္ဂိုလ်သည် သူမသေမီ ဘုရားသခင်ထံမှ ဆုနှစ်ဆုကိုတောင်းရာ ကြွယ်ဝမှုနှင့်စပ်လျဉ်း၍ သူ့အမြင်က တစ်မူထူးခြားသည်။
ပထမဦးဆုံး သူက “ကျွန်ုပ်မှအနတ္တနှင့်မုသာကို ပယ်တော်မူပါ” ဟု တောင်းသည် (သု ၃၀း၈)။ ရိုးဖြောင့်သောသမာဓိဂုဏ်ရှိခြင်းသည် ပူပင်သောက…
ရက်ရောလှသောအလှူ
အသင်းတော်ငယ် တစ်ပါး၌သင်းအုပ် အဖြစ်အမှုဆောင်စဉ်က ဘုရားကျောင်း ကို အန္တရာယ်ကင်း အဆောက်အဦအဖြစ် အကြီးစား ပြင်ဆင်မှုကို ပြီးစီးအောင် မဆောင်ရွက်နိုင်ပါက ဝတ်ပြုကိုးကွယ်ရာ နေရာကို ဆုံးရှုံးရတော့မည်။ ထိုပြင်ဆင်မှု များအတွက် ငွေ အသည်းအသန်ရှာရသည်။ ပေးလှူငွေများအနက် ပေးလှူမှုတစ်ခုက ခေါင်းဆောင်သူများ၏ အာရုံကို ဖမ်းစားခဲ့ သည်။
သက်ကြွယ်အမျိုးသမီးကြီးတစ်ဦး သည် ဒေါ်လာရာနှင့်ချီ၍ အသင်းတော်သို့ ပေးလှူလာသည်။ သူမအနေဖြင့် ထိုငွေ ပမာဏကို မတတ်နိုင်ကြောင်း ကျွန်တော်တို့ သိသည်။ သူမ၏ ပေးလှူမှုအတွက်အထူး ကျေးဇူးတင်မိသော်လည်း အသင်းတော်၏ လိုအပ်မှုထက် သူမ၏လိုအပ်မှုက ပိုကြီးမည်ဟုခံစားရ၍ ထိုအလှူကို သူမအား ပြန်ပေးလိုလှသည်။ မည်သို့ပင်ဖြစ်စေ သူမလက်မခံပါ။ လက်ရှိအချိန်တွင် လျှပ်စစ်မီးဖို (hot plate) ကိုသာအသုံးပြုနေ၍ (stove) မီးဖို ကောင်းကောင်း တစ်လုံးဝယ်ရန် နှစ်နှင့်ချီ၍ သူစုထားသောငွေများဖြစ်သည်။ သူမက မီးဖိုထက်…
ဆုတောင်းပေးသော မိတ်ဆွေ
လအတန်ကြာ မဆုံဖြစ်သော သူငယ်ချင်း အန်ဂျီနှင့်အတူ ကျွန်မတို့ နေ့လည်စာ သွားစားသည်။ ကျွန်မတို့မခွဲခွာမီ အရင်တစ်ခါဆုံစဉ်က ကျွန်မအတွက် ဆုတောင်းပေးရန် သူရေးမှတ်ခဲ့သော စာရွက် လေးကို ထုတ်လိုက် သည်။ ထိုအချိန်ကတည်း ကပင် ကျွန်မအတွက် သူဆုတောင်းပေးခဲ့ သည်။ သူက ဆုတောင်းချက်တစ်ခုချင်းစီကို အသေအချာပြန်စစ်ပြီး ဘုရားသခင် အဖြေပေး ပြီးပြီလား (သို့) ပြောင်းပြီးဆုတောင်းပေးရ မည်လား ဟုမေးသည်။ ထို့နောက် သူ့အတွက်ဆုတောင်းပေးရန် အချက်များကို ပြောပြသည်။ ဆုတောင်းပေးသော မိတ်ဆွေရှိနေခြင်းက အဘယ်မျှအားရ ကျေနပ်စရာ ကောင်းလိုက်သနည်း။
တမန်တော်ရှင်ပေါလုသည် သက်သာလောနိတ် အသင်းတော်အပါအဝင် သူအစေခံသည့်အသင်းတော်များကို ဆုတောင်းပေးသည်။ အသင်းသားများ၏ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့်မျှော်လင့်ခြင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူး တင်သည် (၁သက် ၁း၂-၃)။ သူတို့ကိုတွေ့မြင်လိုလှပြီး သူတို့ထံ နောက်တဖန် သွားနိုင်မည့်အကြောင်း “နေ့ညဥ့်မပြတ်” ဘုရားသခင်ထံ တောင်းလျှောက်သည်…